close

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာက NLD ထောက်ခံသူ နေအိမ်တစ်လုံးကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ကျေးရွာရှိ NLD အမာခံထောက်ခံသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၈ ရက်နေ့ည ၇ နာရီလောက်မှာ မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမီးရှို့ခံရတဲ့‌ နေအိမ်ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားသူ  ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျွန်းလှဒေသခံတစ်ဦးက “မနေ့ညကလာပြီး မီရှို့သွားကြတာ။ ပျူစောထီးနဲ့ စစ်ကောင်စီတွေ လာရှို့သွားတာ။ သူတို့ ရွာထဲ ဝင်လာတော့ သေနတ်တွေ အသာကုန်ပစ်ပြီး ဝင်လာကြာတာ။ အဲဒီလို ဝင်လာပြီး အိမ်ပိုင်ရှင်အမည်က ဦးမျိုးနိုင်ဗျ။ သူကတော့ အာဏာသိမ်းပြီး ၅၀၅ (က)နဲ့ တရားစွဲဆို ခံထားရကတည်းက ရှောင်ပုန်းထွက်ပြေးနေရတယ်။ မိသားစုတွေပါ အကုန်ရှောင်နေရတယ်။ လူမရှိတဲ့နေအိမ်ကို ရှို့သွားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းတစ်ကြောင်းနဲ့ အင်းလှကျေးရွာနဲ့ ကုန်းစည်းကျေးရွာကြားကို ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထိုးစစ်ဆင်နေတာကြောင့် အနီးဝန်ကျင်က ဒေသခံကျေးရွာသားတွေလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up