ဆေးစစ်မှုအောင်မြင်ခဲ့သည့် လူးဝစ်ဒီယက်ဇ်ကို လီဗာပူးက ၅ နှစ်စာချုပ် ချုပ်ဆိုမည်

လီဗာပူးအသင်းဟာ ဆေးစစ်မှုအောင်မြင်ခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ကို ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ကိုလံဘီယာ တောင်ပံတိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားဖို့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေပြီး လီဗာပူးအသင်းက ကိုယ်စားလှယ်စေလွှတ်ပြီး ဆေးစစ်မှုခံယူစေခဲ့ပါတယ်။
ဒီယက်ဇ်ဟာ လီဗာပူးနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့တာကြောင့် မကြာခင်မှာ ၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ပြောင်းရွှေ့ကြေးအဖြစ် လီဗာပူးက ပေါ်တိုအသင်းကို ပေါင် ၃၇ သန်း ပေးချေရမယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်ရှိ တောင်ပံတိုက်စစ်မှူးကို စပါးနဲ့ မန်ယူအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးက လက်ဦးမှုရယူနိုင်ခဲ့တာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ပေါ်တူဂီလိဂ်မှာ ပေါ်တိုအတွက် စုစုပေါင်း ၁၈ ပွဲကစားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။
ဒီယက်ဇ်ကိုခေါ်ယူခဲ့တဲ့ လီဗာပူးဟာ ဂျပန်တိုက်စစ်ကစားသမား မီနာမီနိုနဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုရီဂီတို့ထဲက တစ်ဦးကို အငှားချသွားဖို့ရှိပါတယ်။