လီဗာပူး ကစားသမား ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

လီဗာပူးအသင်း ကစားသမား ၃ ယောက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားတယ်လို့ အသင်း မန်နေဂျာက ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။
အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးအသင်းဟာ အဆင့် ၂ ဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ ဇန်နဝါရီ ၂ ရက်နေ့ လန်ဒန်မှာ ကစားဖို့ ပြင်ဆင်နေချိန် ဘောလုံးသမားတွေနဲ့ အသင်းဝန်ထမ်းတချို့မှာ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရကြောင်း အသင်းမန်နေဂျာ ကလော့ပ်က အတည်ပြုလိုက်တာပါ။
ဒါပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့အထိ တောင်းဆိုဖို့ လို၊ မလိုကတော့ ပြောဖို့ စောသေးတယ်လို့ ပြောပါတယ်။
ဘောလုံးသမားတွေ ကိုဗစ်-၁၉ ကူးစက်ခံနေရတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲအထိ ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။