close

ဗြိတိန်၌ ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများကို ကိုဗစ်ကာကွယ်ဆေးစထိုး

ဗြိတိန်နိုင်ငံမှာ ကလေးငယ်တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးပေးနေပြီ ဖြစ်ပါတယ်။ 

ဖိုင်ဇာဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီက အသက် ၅ နှစ်ကနေ ၁၁ အရွယ်အထိ ကလေးငယ်တွေ အတွက် ဆေးကို ဖော်မြူလာသစ်နဲ့ ထုတ်လုပ်လိုက်တာပါ။ 

ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်မှာ ပထမဆုံး ဆေးထိုးခံခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးက ထင်သလောက် မခက်ခဲပါဘူးလို့ ပြောပါတယ်။ 

ဖိုင်ဇာဆေး ဖော်မြူလာကို အခြေခံထားတဲ့ ကလေးတွေအတွက် ဆေးကို Comirnaty လို့ ခေါ်ပြီး ဗြိတိန်အစိုးရက ဒီဇင်ဘာမှာ အတည်ပြု ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ 

ကလေးငယ်တွေကို ၁၀ မိုက်ခရိုဂရမ် ဆေးနှစ်လုံး ထိုးပေးမှာ ဖြစ်ပါတယ်။ ဒါဟာ လူကြီးတွေကို ထိုးပေးတဲ့ဆေးရဲ့ သုံးပုံတပုံနဲ့ ညီမျှပါတယ်။ 

ပထမဆေးတလုံး ထိုးပေးပြီးပါက နှစ်လခြားပြီး ဒုတိယ ဆေးတလုံး ထိုးရမှာပါ။ ဗြိတိန်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ကိုဗစ်-၁၉ လူနာအသစ် ၇၀၂၇၀၀ ကျော် တွေ့ရှိခဲ့ပြီး ၂၉၆ ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up