ရေးမြို့ ပြန်ဆက်ရုံးရှေ့တွင် ဗုံးပေါက်ကွဲ

မွန်ပြည်နယ် ရေးမြို့ ပြန်ဆက်ရုံးနားမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီလောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဗုံးပေါက်ကွဲသံက ကျယ်လောင်တော့ အနီးအနားက လူနေအိမ်တချို့မှာ ပိုပြီး စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်။ ပတ်ဝန်းကျင်မှာ ပညာရေးမှူးရုံး၊ လ.၀.က၊ အ.ထ.က (၁) စာသင်ကျောင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ရှိတယ်။ မနက်ကျရင် လမ်းဖွင့်ပွဲလည်းရှိတော့ လုံခြုံရေးတွေ နေရာယူထားရာနေရာလည်းဖြစ်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ၊ ထိခိုက်ပျက်စီးမှု အခြေနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
မနက် ၈ နာရီလောက်ကလည်း ရေးမြို့ လ.ဝ.ကရုံ းနားမှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က ရှင်းလင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်ထောက်ခံပွဲ ပြုလုပ်တာကြောင့် မြို့အဝင် ထွက်အားလုံးနဲ့ မြို့တွင်းနေရာအနှံ့ လုံခြုံရေးတွေ ယူထားခဲ့တဲ့ကြားက မိုင်းခွဲခံရတာလို့ ဆိုပါတယ်။
အဆိုပါ မိုင်းခွဲတာနဲ့ ပက်သက်ပြီး ရေး PDF က ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။