close

မင်းကင်းမြို့နယ် ရွာ သုံးရွာအား စစ်တပ်က မီးရှို့၊ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွေက စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၃၀ ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ မီးရှို့တာကြောင့် မြစ်ရိုးအောက်ရွာတွေဖြစ်တဲ့ အနောက်တောရွာမှာ အိမ်ခြေ ၄ လုံး၊ ဘင်ရွာမှာ အိမ်ခြေ ၁၅၀၀ ကျော် နဲ့ အုန္နဲဘုတ်ရွာမှာ အိမ်ခြေ ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဘင်ကျေးရွာသားတဦးက ပြောပါတယ်။

“အတော်ရက်စက်ပါတယ်ဗျာ။ ကျနော်တို့ဘင်ကျေးရွာအနီး ရေလုပ်ငန်းလုင်ကိုင်နေတဲ့ မြစ်ကမ်းဘေးက တံငါတဲလေး ၃၀ လည်း မီးရှို့ခံရတယ်ဗျ။ သူတို့နဲ့ ထိပ်တိုက်တိုးပြီး အဖမ်းခံရတယ်သူတွေလည်း အကုန်ဖမ်းမိးသွားတယ်။ သေသလားရှင်သလားတောင် အခုထိ မသိရသေးဘူးဗျ။ လူဦးရေဘယ်လောက်ရှိလဲဆိုတော့ ပျောက်ဆုံးနေတဲ့ သူတွေစာရင်းအရတော့ သုံးရွာပေါင်း ၃၀ ကျော်လောက်ရှိမယ်ဗျ။ ဘာကြောင့် အခုလိုဖမ်းရတာလဲဆိုတော့ ဒီကောင်တွေ လူသားဒိုင်းလုပ်ဖို့ ဖမ်းတာဖြစ်မယ်။ အခုအထိတော့ ပြန်လွှတ်ပေးတာမရှိသေးဘူး။ ဘယ်ကိုဖမ်းသွာတာလဲဆိုတော့ သူတို့စခန်းချထားတဲ့ တောင်ဖြူ၊ ပန်းဆက်ကျေးရွာ ခေါ်သွားတာဖြစ်မယ်။”

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ဖမ်းဆီးနေတာကြောင့် ကျေးရွာသုံးရွာလုံးက ပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး အစားသောက်နဲ့ဆေးဝါးအပြင် အဝတ်အထည်နဲ့ ခြုံဆောင်တွေပါ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ်ကို စစ်ကောင်စီတပ်က ရေယာဉ် ၈ စီး၊  အင်အား ၁၀၀ ကျော်နဲ့ ရောက်ရှိလာပြီး နယ်မြေရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် မြစ်ရိုးအောက်ရွာတွေဖြစ်တဲ့ သင်တော၊ ညောင်ပင်သာ၊ အုန္နဲဘုတ်၊ ဘင်၊ အနောက်တောရွာတွေက ဒေသခံတွေဟာ မနေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up