close

ထိုင်းဘက် တရားမဝင် ဝင်ရောက်လာသူ မြန်မာအယောက် ၁၄၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၃၈ ယောက်ကို နယ်စပ်ကင်းလှည့်တပ်ဖွဲ့က ကန်ချနဘူရီခရိုင်ထဲမှာ ဖေဖော်ဝါရီ ၄ ရက်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ထဲမှာတော့ အမျိုးသား ၈၉ ယောက်နဲ့ အမျိုးသမီး ၄၉ ယောက်ပါဝင်ပြီး ရာဘာစိုက် ခင်းတခုထဲမှာ ဖမ်းမိခဲ့တာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါရှိမရှိ ခန္ဓာကိုယ်အပူချိန်တိုင်း စမ်း သပ်စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ တယောက်မှာမှ ရောဂါကူးစက်ထားတာမျိုး မ ရှိခဲ့ဘူးလို့ ဆိုပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသတွေက လာရောက်ခဲ့ကြတာဖြစ်ကာ ထိုင်းနိုင်ငံ ကန်ချနဘူရီ၊ ဆမွတ်စာခွန်း၊ ရာယောင် နဲ့ ဘန်ကောက်တို့မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားခတယောက်ကို ဘတ် ၁ သောင်းခွဲကနေ ၂ သောင်းခွဲထိ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ သူတို့ကို ဉပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး နေရပ်ပြန်ပို့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်ကတည်းက တနှစ်တာအတွင်း ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေ သိ သိသိသာသာ မြင့်တက်လာနေပြီး နေ့စဉ်လိုလို မြန်မာလုပ်သားတွေ ဒါဇင်နဲ့ချီ ဖမ်းမိနေတာပါ။

ယိုယွင်းလာတဲ့ မြန်မာ့စီးပွားရေးနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရရှိနိုင်ဖို့ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာနေကြတာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကတော့ မြန်မာအပါအဝင် နိုင်ငံ ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို MoU စနစ်နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှုတွေနဲ့အတူ ဆက်လက်ပြီးတော့ စေလွှတ်နိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up