close

အကြမ်းဖက်စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၄၀ ထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၅၄၀ နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၀၅၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံး သူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၀၅၆ ယောက် လက်ရှိချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၆၈၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့ ဒါရိုက်တာ ဝိုင်းဟာ တိမ်းရှောင်နေရာမှ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ နေအိမ်တိုက်ခန်းကို ခေတ္တပြန်လည် ရောက်ရှိချိန် နာရီဝက်အတွင်း ဖမ်းဆီးခံခဲ့ရ ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာကို ရေကြောင်းကတဆင့် လက်နက် ကြီးတွေနဲ့ ပစ်ခတ်စီးနင်းဝင်ရောက်လာကာ ဒေသခံရွာသား ၆ ယောက်ဖြစ်တဲ့ ကိုသူရ ထွန်း၊ ကိုကိုလင်းမောင်၊ ကိုမင်းမင်းထွန်း၊ ဦးမြင့်အောင်၊ ကိုသဲထွန်းအောင်နဲ့ ကိုဇော်မင်း ထွန်းတို့ကို ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရ ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်မှာတော့ စစ်သားတွေ ပြန်လည်ထွက်ခွာသွားတဲ့အတွက် နောက်တနေ့မှာ ရွာသားတချို့က ကျေးရွထဲပြန်လာကာ ဖမ်းဆီးခံရသူတွေကို လိုက်လံရှာ ဖွေခဲ့ရာမှာတော့ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ခြင်းခံထားရတဲ့ အဆိုပါဒေသခံ ၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ကျေးရွာအနီးရှိ ယာတောတခုမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up