close

မင်းကင်းမြို့နယ်က နေအိမ် ၁၈၀ ခန့်ကို စစ်​ကောင်စီတပ်က မီးရှို့ပြီး ပြည်သူ ၅ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ​ဖေ​ဖော်ဝါရီ ၁၀ ရက်​နေ့မနက်ပိုင်းက ​​ကျေးရွာ ၂ ရွာက​ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

မောက်တက်​ကျေးရွာက အိမ်​ခြေ ၁၀၀ ​ခန့်နဲ့ မုဿာ(မုတ်သာ)​ကျေးရွာက အိမ်​ခြေ ၈၀ ​လောက် အိမ်​ခြေပေါင်း ၁၈၀ ဝန်းကျင်လောက် ​မီး​လောင်ကျွမ်းခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ 

ဒါ့အပြင် ​ကျေးရွာလုံခြုံ​ရေး ကင်း​စောင့်​​နေတဲ့ ပြည်သူ ၄ ဦးအပါအဝင် ရွာသား ၅ ဦးကို ပစ်သတ်ခဲ့ကြပြီး ပစ်သတ်ခံခဲ့ရတဲ့ ​မောက်တက်​ကျေးရွာက အမျိုးသားရဲ့ဇနီးကိုလည်း ​လက်ရှိအချိန်ထိ ရှာမ​တွေ့​သေးဘဲ ​ပျောက်ဆုံး​နေတယ်လို့ ​ပြောပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ရင်း(၃)တပ်ခွဲ(၃)တပ်မှူးက “သူတို့ (စစ်​ကောင်စီတပ်ဖွဲ့) ​က အင်အား  ၂၀၀ ​လောက်နဲ့ စနဗျင်း​ကျေးရွာဘက်က​နေ စစ်​ကြောင်း ၄ ​ကြောင်းထိုးပြီး ​ကျေးရွာ​တွေထဲကို မနက် ၅ နာရီခန့်​လောက်မှာ စဝင်တယ်။ ​မောက်တက်​ကျေးရွာကို​ ​စစ်​ကြောင်း တစ်​ကြောင်းထိုးကာ သေနတ် တစ်ချက်မှမ​ဖောက်ဘဲ ဝင်လာပြီး မုဿာ(မုတ်သာ)​ကျေးရွာကို​တော့ စစ်​ကြောင်း ၃ ​ကြောင်းထိုးကာ ​​သေနတ်တွေပစ်ခတ်ပြီး​တော့ ဝင်လာခဲ့တာ" လို့ ​ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up