တစ်နှစ်ကို ပေါင်သန်း၂၀ တန်ကြေးရှိ လေ့ကျင့်ရေးဝတ်စုံစပွန်ဆာ မန်ယူအသင်းရရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်နှစ်ကို စတာလင်ပေါင်သန်း ၂၀ တန်ကြေးရှိတဲ့ လေ့ကျင့်ရေးဝတ်စုံစပွန်ဆာ ရရှိခဲ့ပါတယ်။
ငွေကြေးနဲ့သတင်းအချက်အလက်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tezos ဟာ မန်ယူအသင်းကို တစ်နှစ် ပေါင်သန်း၂၀ စပွန်ဆာပေးခဲ့ပြီး ၁ဝ နှစ်အထိ သက်တမ်းတိုးနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဝတ်စုံက ရင်ဘက်ပေါ်မှာ Tezos အမှတ် တံဆိပ်ကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီအထိ အာမခံကုမ္ပဏီတစ်ခု ဖြစ်တဲ့ Aon နဲ့ လေ့ကျင့်ရေး ဝတ်စုံ စပွန်ဆာအဖြစ် လက်တွဲခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် လက်တွဲ ဖြုတ်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီဝတ်ကာလအထိ လေ့ကျင့်ရေးဝတ်စုံ စပွန်ဆာ မရှိခဲ့ပေမဲ့ လက်ရှိအချိန်ကစတင်ပြီး စပွန်ဆာရရှိခဲ့တာပါ။
မန်ယူအသင်းဟာ ပွဲစဉ်တွေမှာတော့ အဓိက ရင်ဘတ်စပွန်ဆာဖြစ်တဲ့ နည်းပညာကုမ္ပဏီTeam Viewer နဲ့ တစ်နှစ်ကို ပေါင် ၁၇ သန်းတန်ကြေးရှိ ၅ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။
မန်ယူအသင်းအနေနဲ့ ကွင်းတွင်းခြေစွမ်းပိုင်းမှာ ရလဒ်မကောင်းသေးတာကြောင့် ဝေဖန်မှုတွေ ရှိပေမဲ့ ကွင်းပြင်ပစီးပွားရေးမှာတော့ တိုးတက်လာခဲ့တာဖြစ်ပါတယ်။