close

“အတုအယောင်ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ” အွန်လိုင်းဆွေးနွေးပွဲ တိုက်ရိုက်ကြည့်ရှုနိုင်

“အတုအယောင်ပြည်ထောင်စုဝါဒ အမြစ်လှန်ကြ” ခေါင်းစဉ်နဲ့ သမဂ္ဂကျောင်းသားတွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲကိုတော့ တကသများ-ရန်ကုန်က စီစဉ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး တကသများ-ရန်ကုန်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်ကနေ တိုက်ရိုက်လိုက်ဖ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ရဲဘော်စံ (ထားဝယ်မြို့နယ်အ‌ခြေခံပညာကျောင်းသား များသမဂ္ဂ)၊ ညီညီအောင်(မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ပိုင်ကိုကို (ရှမ်းပြည်နယ်ကျောင်းသားများသမဂ္ဂ)၊ ရဲဘော်ဗညား (တနင်္သာရီအခြေစိုက် ကျောင်း သားသမဂ္ဂများကွန်ရက်)၊ သော်ဇင်ထွန်း(ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ)၊ မြတ်ဟိန်းထွန်း (ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)) တို့ဖြစ်ကြပြီး တကသများ-ရန်ကုန်မှ ကိုမာန်ဟိန်းနဲ့ ကိုသတ္တိတို့က Moderator တွေအနေနဲ့ ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကိုတော့ အပိုင်း ၂ ပိုင်းခွဲပြီး အပိုင်း ၁ မှာ အတုအယောင်ပြည်ထောင်စုဝါဒ၊ အပိုင်း ၂ မှာတော့ နိုင်ငံတည်ဆောက်မှုပုံစံအသစ်ကို ဘယ်လိုဖော်ဆောင်ကြမလဲဆိုပြီး ဆွေး နွေးသွားကြမှာပါ။

‌ဗမာပြည်မက ပြည်သူတွေကြားထဲမှာ နှစ်ပေါင်းများစွာအမြစ်တွယ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အတု အယောင်ပြည်ထောင်စုဝါဒအကြောင်းနဲ့ တော်လှန်ရေးကာလအလွန် နိုင်ငံတည်ဆောက်ရာမှာ ပြည်သူလူထုအားလုံးလက်ခံကြည်ဖြူတဲ့ နိုင်ငံတော်သစ်တခု ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာတွေကို ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဆွေးနွေးပွဲ တိုက်ရိုက်ကြည့်ရှုရန်လင့်ခ်-

https://www.facebook.com/asuyangon

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up