close

ကလေးမြို့နယ် ကျေးရွာတချို့ကို စစ်တပ်က ဖြတ်လေးဖြတ်ပြုလုပ်နေ၍ ဒေသခံများ အခက်အခဲ ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက တင်သားကျေးရွာအုပ်စုကို စစ်တပ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဖြတ်လေးဖြတ် လုပ်ထားတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။ 

ကလေးမြို့နဲ့ တင်သားကျေးရွာအုပ်စုကို သွားလာနေတဲ့ ကုန်ကားတွေနဲ့ ခရီးသည်ကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကမ်ဘားနီနဲ့ ရန်ကြီးအောင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာပါ။ 

ဒေသခံတွေဟာ PDF တပ်ဖွဲ့ကို ထောက်ပံ့တယ်လို့ စစ်ကောင်စီက ယူဆနေတဲ့အတွက် အဆိုပါ တင်သားကျေးရွာအုပ်စုကို သွားလာမယ့်ကားတွေကို ဘာကုန်ပစ္စည်းမှ အတင်မခံခိုင်းတော့ဘူးလို့ ကုန်တင်ကားမောင်နှင်သူတစ်ဦးက ပြောပါတယ်။ 

ဒါကြောင့် အဆိုပါကျေးရွာအုပ်စုတွေမှာ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေ ပြတ်တောက်နေတယ်လို့လည်း ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။ 

အဆိုပါတင်သားကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၆ ခုရှိပြီး ကလေးနယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ အဖြစ်များလာပြီးနောက် စစ်ကောင်စီဘက်က အခုလို ဖြတ်တောက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up