မြစ်ကြီးနားမြို့ပေါ်က စစ်ကောင်စီ စစ်ဆေးရေး ရဲကင်းတစ်ခု ဗုံးခွဲခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က ပလန နယ်မြေ စစ်ကောင်စီ စစ်ဆေးရေး ရဲကင်းတစ်ခုမှာ ဖေဖော်ဝါရီ ၁၃ ရက်မနက် ၅ နာရီကျော် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“မနက် ၅ နာရီကျော်လောက်မှာ ပေါက်တာ။ ဗုံးသံအတော်ကျယ်တယ်။ အိမ်တွေလည်း တုန်သွားတယ်။ ပေါက်တဲ့နေရာက ပလန ရဲစခန်းရှေ့ စစ်ဆေးရေးလုပ်တဲ့နေရာမှာ။ အရင်ကတော့ ကိုဗစ်စစ်ဆေးရေးဂိတ်။ ခုကတော့ သဲအိပ်တွေနဲ့ ဂိတ်ဆောက်ပြီး စစ်ဆေးရေးတွေ လုပ်နေတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်တာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
မြစ်ကြီးနားမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။