close

တူနီရှားသမ္မတ၏ တရားရေးစနစ် ချုပ်ကိုင်မှုကြေညာချက်ကို ပြည်သူထောင်ချီဆန္ဒပြ

တူနီရှားသမ္မတက တရားသူကြီးတွေကို ဖြုတ်ပစ်နိုင်၊ ရာထူးတိုးပေးနိုင်မယ့် သူ့ရဲ့လုပ်ပိုင်ခွင့်ကို တိုးချဲ့ပြီး တရားရေးစနစ်အပေါ် သမ္မတက ချုပ်ကိုင်ထားနိုင်မယ့် အမိန့်အာဏာကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။ 

သမ္မတရဲ့ကြေညာချက်ကို အတိုက်အခံတွေ၊ တရားသူကြီးတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေက တူနစ်မြို့ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။  

အခြေခံဥပဒေဆိုင်ရာရှေ့နေဖြစ်ခဲ့တဲ့ သမ္မတကိုင်ဆေးဒ်က အာဏာစရကတည်းက တရားရေးစနစ်ကို အုပ်ချုပ်ရေးအောက်မှာ ထားဖို့ ကြိုးစားနေခဲ့တာပါ။ 

ပြီးခဲ့တဲ့အပတ်က လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို အာမခံထားတဲ့ အဆင့်မြင့်တရားရေးကောင်စီကို သူက ဖျက်သိမ်းခဲ့ပါတယ်။

ဆန္ဒပြပွဲကို သမ္မတကိုင်ဆေးဒ်ရဲ့ ပြိုင်ဘက်  လွှတ်တော်မှာ အကြီးမားဆုံးပါတီဖြစ်တဲ့ အစ္စလာမ္မစ်အန်နာဒါ ပါတီက ဦးဆောင်ပြီး၊ အရပ်ဘက်အဖွဲ့အစည်းပေါင်း ပါဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up