မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တိုက်ခန်းသစ်အုတ်မြစ်ချပွဲ တက်ရောက်

မြောက်ကိုရီးယား ကွန်မြူနစ်အာဏာရှင် ကင်ဂျုံအန်းက ပြုံယမ်းမြို့မှာ တိုက်ခန်းသစ် ၁ သောင်း ဆောက်လုပ်တဲ့ အုတ်မြစ်ချပွဲအခမ်းအနားကို နေကာမျက်မှန်နဲ့ ရှိုးပြပြီး တက်ရောက်ခဲ့တာကို နိုင်ငံပိုင်ရုပ်သံ KRT က ဖေဖော်ဝါရီ ၁၃ ရက်မှာ လွှင့်ထုတ်ခဲ့ပါတယ်။
ကွန်မြူနစ်ကုတ်အနွေးထည်နဲ့ ရေဘင်မျက်မှန်အကောင်းစား ဝတ်ထားတဲ့ ကင်ဂျုံအန်းက တိုက်ခန်းသစ်တွေ စတင်ဆောက်လုပ်တာဟာ ထူးခြားတဲ့ ဖောက်ထွက်မှုဖြစ်စဉ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရက တိုက်ခန်းသစ် ၅ သောင်း ဆောက်လုပ်မယ့် ၅ နှစ် စီမံကိန်းကို ၂၀၂၁ မှာ ကြေညာခဲ့တာပါ။ အခု ပထမစီမံကိန်းအဖြစ် တိုက်ခန်းသစ် ၁ သောင်းကို ပြုံယမ်းမြို့ ဆောင်းဆင်းနဲ့ ဆောင်းဝါဧရိယာတွေမှာ တည်ဆောက်မှာပါ။
ဒီလအစောပိုင်းမှာ မြောက်ကိုရီးယား တသွေးတသံတမိန့်ပါလီမန်က နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးနဲ့ လူထုဘဝ မြင့်မားရေး လုပ်ဆောင်ဖို့ ကတိပေးထားပါတယ်။