close

တန့်ဆည်မြို့နယ် ကပေါင်းကျရွာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်မိုင်းဆွဲခံရ

နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည့် ကပေါင်းကျကျေးရွာ

စစ်ကိုင်းတိုင်းဒေသကြီး တန်ဆည်မြို့နယ်မှာ ကပေါင်းကျရွာကနေ ပြည်သူ့တွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၁၄ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။

အဲလိုမိုင်းခွဲတိုက်ခိုက်တာကို KPK၊ TSR၊ Local PDF တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကပေါင်းကျရွာ လူနေအိမ်တွေကို ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် ကပေါင်းကျရွာက ဒေသခံပြည်သူတွေ ထွက်ပေးတိမ်းရှောင်နေကြပါတယ်။

“စွန့်ပစ်ပြီးသားဆိုပေမယ့် တစ်ရပ်ကွက်လုံးကြီး အခုလိုမြင်ရတော့ စိတ်ထဲတကယ်မကောင်းဘူး။ အခု ၁၃ ကြိမ်မြောက်မှာ ညီမတို့အိမ်အပါအဝင် နေအိမ် ၃၉ လုံး ထပ်မံမီးရှို့ခံခဲ့ရပါတယ်” လို့ ဒေသခံတစ်ဦးက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေသားထားပါတယ်။

ကပေါင်းကျရွာဟာ အိမ်ခြေ ၇၁၂ အိမ်ရှိပြီး စစ်ကောင်စီတပ်အာဏာသိမ်းပြီးကာလအတွင်း မီးရှို့ခံရတာကြောင့် အိမ်ခြေ ၁၂၄ အိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ Kaduma Platform က ဖော်ပြချက်အရ သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ပေချောင် ခရုတောတစ်လျှောက် တစ်ရွာဝင်တစ်ရွာထွက်နဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီအင်အား ၁၄၀ လောက်ပါတဲ့ စစ်ကြောင်းကို ကပေါင်းကျေးရွာအရောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ KPK က ထုတ်ပြန်ထားးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up