close

ပြည်တွင်း ရွှေစျေး ကျပ် ၁၉ သိန်းကျော်အထိ မြင့်တက်

အခုတစ်ပတ်မှာ ကမ္ဘာ့ရွှေစျေးနဲ့အတူ မြန်မာ့ပြည်တွင်းရွှေစျေးဟာ တစ်ကျပ်သားကို  ကျပ် ၁၉ သိန်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်၀ါရီ ၁၁ ရက် သောကြာနေ့မှာ ကမ္ဘာ့ရွှေစျေးက ၁ အောင်စကို ၁၈၂၆ ဒေါ်လာနဲ့ စျေးဖွင့်ခဲ့ပြီး၊ ပြည်တွင်းရွှေစျေးက  တစ်ကျပ်သားကိုကျပ်   ၁၈၈၅၀၀၀  ၀န်းကျင်မှာရှိခဲ့ပါတယ်။

ဒီနေ့ ဖေဖော်၀ါရီ ၁၅ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေစျေးက ၁ အောင်စကို ဒေါ်လာ ၁၈၇၀ အထက်မှာ စျေးဖွင့်ခဲ့ပြီး၊ မွန်းလွဲပိုင်းမှာ ၁၈၇၈ ဒေါ်လာရှိပါတယ်။ ပြည်တွင်းရွှေစျေးကလည်း ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၁၉၀၇၀၀၀ ကျပ် ၀န်းကျင်ထိ စျေးမြင့်တက်ခဲ့တာကြောင့် ၄ ရက်အတွင်း ကျပ် ၂၀၀၀၀ ၀န်းကျင် ထပ်မံမြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေစျေးကလည်း တစ်အောင်စကို ဒေါ်လာ ၅၀ ၀န်းကျင်အထိ ၄ ရက်အတွင်း ထပ်မံ မြင့်တက်ခဲ့တာပါ။

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာကျပ်ငွေအပေါ် လူထုယုံကြည်မှုကျဆင်းလာတာ၊ ကျပ်ငွေတန်ဖိုးအလွန်အမင်း ကျဆင်းခဲ့တာတွေကြောင့် ပြည်တွင်းရွှေစျေး အဆမတန် မြင့်တက်လာခဲ့တာ ဖြစ်ပေမဲ့ အခုအခါမှာတော့ ကမ္ဘာ့ရွှေစျေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေး လိုက်ပါ မြင့်တက်လာတာပါ။

ယူကရိန်း−ရုရှားအကြား တင်းမာမှုတွေကြောင့် ရွှေကို ဝယ်ယူစုဆောင်းလာကြတဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာလည်း ရွှေဈေးဟာ သုံးလတာ ကာလအတွင်း အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း  လတ်တလောပြင်ပစျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ဝန်းကျင်မှာ ဖြစ်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up