မူးယစ်ဂိုဏ်းများကို ရှင်းထုတ်ရန် ဂျော်ဒန်ဘုရင် တိုက်တွန်း

ဂျော်ဒန်ဘုရင် အဘ်ဒူလာက ဂျော်ဒန်နဲ့ ဆီးရီးယားနယ်စပ်တလျှောက်ရှိ အရှေ့ဘက်စစ်ရေးဇုန်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က သွားရောက်ခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးဗျူဟာတွေကို ရှင်းပြခဲ့ပါတယ်။
ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲဖြစ်တဲ့ အဘ်ဒူလာက ရှေ့တန်းရှိ တပ်ဖွဲ့တွေကို စစ်ဆေးခဲ့ပြီး စိမ့်ဝင်ထိုးဖောက်နေတဲ့ မူးယစ်ဂိုဏ်းတွေကို တန်ပြန်ရှင်းထုတ်ဖို့ ပြတ်ပြတ်သားသား တိုက်တွန်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နန်းတော်ထုတ်ပြန်ချက်အရ နယ်စပ်ဖြတ်ကျော်လာတဲ့ မူးယစ်ဆေးပြား ၁၆ သန်းနဲ့ ဆေးခြောက် ၁၇,၃၄၈ အိတ်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ မူးယစ်မှောင်ခို ၂၉ ဦးကို သုတ်သင်ခဲ့ကြောင်း ကြေညာထားပါတယ်။
ဆီးရီးယားဟာ ဂျော်ဒန်နဲ့ ရှည်လျားတဲ့ နယ်နိမိတ်ရှိပြီး၊ မူးယစ်မှောင်ခိုဂိုဏ်းတွေက ဒေါ်လာဘီလီယံချီပြီး မူးယစ်ရောင်းဝယ်မှု လူကုန်ကူးမှုတွေ နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေတာပါ။
မူးယစ်ရောင်းဝယ်မှုကနေ ဆီးရီးယားအစိုးရ ထောက်ခံသူတွေနဲ့ စစ်သွေးကြွတွေအတွက် ငွေကြေးပံ့ပိုးပေးနေတာပါ။