close

ဖုပ်ဖရရွှေဆိုင်ဓားပြမှု ၁ ဦးဖမ်းမိ၊ သေဆုံး မြန်မာလုပ်သားအတွက် ရွှေဆိုင်ပိုင်ရှင်က လျော်ကြေးပေးမည်

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့ပေါ်မှာ ဖေဖော်ဝါရီ ၁၂ ရက်ကဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ဓားပြတိုက်မှုနဲ့ ဆက်နွှယ်ပြီး ထိုင်းနိုင်ငံသား   ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထု တ်ထားကာ အဲဒီထဲက ၁ ဦးကို ဖမ်းဆီးရမိပြီလို့ ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ၄ ဦးမှာ နိုင်းဝေါလဖုန်း ရှဲ့ထောက်၊ နိုင်းတေ့ ရှဲ့ထောက်၊ နိုင်းခိ ရှဲ့ထောက်နဲ့ နိုင်းဝိချိုင်း ရှဲ့ဝမ့် စတဲ့ မုန့်တိုင်းရင်းသားတွေဖြစ်ပြီး အဲဒီထဲက နိုင်းဝေါလဖုန်းဆိုသူကို ဖမ်းဆီးရမိပြီလို့ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။

နိုင်းဝေါလဖုန်းကတော့ သူဟာ ဓားပြမှုအတွက် သေနတ်နဲ့ ပစ္စည်းတွေ ကူညီ စီစဉ်ပေးသူသာဖြစ်ပြီး ဓားပြတိုက်မှုမှာမပါကြောင်း ၊ ဓားပြတိုက်ထားတဲ့ရွှေတွေ ဘယ်မှာ လဲ ဆိုတာလည်း မသိရကြောင်း ငြင်းဆိုထားပါတယ်။

ရဲတပ်ဖွဲ့က နိုင်းဝေါလဖုန်းဟာ ဓားပြတိုက်ဖို့လိုအပ်တဲ့ပစ္စည်းတွေစီစဉ်ပေးတဲ့အပြင် ဓားပြ တိုက်ပြီးရပ်ထားခဲ့တဲ့ကားကို သွားမောင်းလာကာ တောထဲမှာသွားဝှက်ထားသူ၊ ဓားပြတွေ ထွက်ပြေးပုန်းရှောင်နိုင်အောင်စီစဉ်ပေးသူဖြစ်လို့  ကြံရာပါအဖြစ် အမှုဖွင့်ထားပါတယ်။ 

ကျန်တဲ့ ၃ ဦးမှာလည်း ဓားပြမှုကျူးလွန်တဲ့အထောက်အထား ခိုင်လုံစွာရ ထားကြောင်း ၊ သူတို့ ၃ ယောက်ဟာ မြန်မာဘက်ခြမ်းကိုထွက်ပြေးသွားလို့ ကူညီ ဖမ်းဆီးပေးဖို့ မြန်မာအာဏာပိုင်ကိုရော KNDO နဲ့ DKBA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထံ အကြောင်းကြားထားကြောင်း၊ အထက်ပါအဖွဲ့အစည်းတွေက ဖမ်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီဓားပြမှုမှာ ရွှေအလေးချိန် ၁၈၇ ဘတ် ပါသွားပြီး ရွှေလာဝယ်တဲ့ အသက် ၃၀ နှစ်ရွယ် ကိုချစ်အာကာဆိုသူ မြန်မာအလုပ်သမားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ ရပါတယ်။ 

မြန်မာလုပ်သား သေဆုံးတဲ့ကိစ္စ  ကနဦးပိုင်းထိုင်းသတင်းတွေမှာ သူဟာ ဓားပြတွေ ပစ်လိုက်တဲ့ ကျည်ဆန်ထိမှန်သေဆုံးတယ်လို့ဖော်ပြခဲ့ကြပေမယ့်  သေဆုံးသူရဲ့ ဇနီး မတင်မာဝင်းက  သူ့ခင်ပွန်းဟာ ဓားပြကပစ်လိုက်တဲ့ကျည်ဆန်ကြောင့် သေရတာ မဟုတ်ဘဲ အလုပ်ရှင်ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့်သေဆုံးရကြောင်း အမှန်တရားနဲ့ တရားမျှတ မှုရရှိရေး  အလုပ်သမားကူညီရေးအဖွဲ့အစည်းတွေထံ တိုင်ကြားခဲ့တဲ့နောက် ထိုင်းသတင်း တွေမှာ ဆိုင်ရှင်ပစ်ခတ်တဲ့အကြောင်း ဖော်ပြလာပါတယ်။ 

ရွှေဆိုင်ပိုင်ရှင်က ပထမပိုင်းမှာ သတင်းထောက်တွေကိုငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆိုင်ထဲရှိနေသူကို ဓားပြအထင်နဲ့ သေနတ်နဲ့ပစ်ခဲ့ကြောင်းဝန်ခံပြီ လောလောဆယ် သေဆုံးသူရဲ့ ကျန်ရစ်သူမိသားစုနဲ့ ညှိနှိုင်းပြောဆိုနေတာရှိကြောင်း ၊ ငွေကြေးတချို့ကိုလည်းကနဦး ထောက်ပံ့ပေးထားတာရှိပြီး နစ်နာကြေးကိုလည်း အတတ်နိုင်ဆုံးပေး အပ်သွားမယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up