close

အနီကတ်စံချိန်တင်နေသည့်အပေါ် ဒိုင်လူကြီးများကို အပြစ်မတင်ဟု အာဆင်နယ်နည်းပြပြော

အာဆင်နယ်အသင်းသားတွေ အနီကတ်ပြသခံရမှု စံချိန်တင်နေတဲ့အပေါ်မှာ ဒိုင်လူကြီးကို အပြစ်တင်စရာမရှိကြောင်း နည်းပြ အာတီတာက ပြောပါတယ်။ 

အာဆင်နယ်အသင်းသားတွေဟာ နည်းပြအာတီတာ လက်ထက်မှာ အနီကတ် ၁၅ ကတ်အထိ ပြသခံခဲ့ရပြီး စံချိန်တင်အရေအတွက်ဖြစ်ခဲ့တာပါ။ 

ဖေဖော်ဝါရီ ၁၁ ရက်က ဝုဗ်အသင်းနဲ့ပွဲစဉ်မှာလည်း မာတင်နယ်လီကအနီကတ် ပြသခံခဲ့ရပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ၄ ကြိမ်မြောက်အနီကတ်ပြသခံခဲ့ရတဲ့ အာဆင်နယ်ကစားသမားဖြစ်ခဲ့ပါတယ်။ 

ဒီအခြေအနေကြောင့် အာဆင်နယ်အပေါ် အနီကတ်ပြစ်ဒဏ်တွေချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ပွဲစဉ် ကိုင်တွယ်သူ ဒိုင်လူကြီးအဖွဲ့အစည်းနဲ့ ဆွေးနွေးမယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ 

နည်းပြ အာတီတာကတော့ အဲဒီလို ဆွေးနွေးဖို့အစီအစဉ်မရှိကြောင်း၊ အနီကတ်ပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ပွဲစဉ်တွေအပြီးမှာ ပြောခဲ့ပြီးသားဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။ 

အနီကတ်ပြသခံရမှုတွေနဲ့ ပတ်သက်ပြီး ဒိုင်လူကြီးကို အပြစ်တင်ဖို့ မကြိုးစားသင့်ကြောင်း၊ ဒိုင်လူကြီးတွေကို ယုံကြည်မှုရှိရမှာဖြစ်ပြီး သူတို့အလုပ်ကို သူတို့ မှန်မှန်ကန်ကန်လုပ်ရတဲ့ သူတွေဖြစ်ကြောင်း အာတီတာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up