close

ဂန့်ဂေါ-ကလေးလမ်းကြောင်းကို အသွားအလာမပြုလုပ်ဖို့ ယော PDF က သတိပေး

ဂန့်ဂေါမြို့နဲ့ ကလေးမြို့အကြားမှာရှိတဲ့  ကားလမ်းမတွေနဲ့ လမ်းကြောင်းတွေပေါ်မှာ   ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့က စပြီး   တစ်ရွာနဲ့တစ်ရွာ ကူးလူးသွားလာတာတွေမလုပ်ဖို့ ယော PDF အဖွဲ့က သတိပေးတားမြစ်လိုက်ပါတယ်။

အခုလို သတိပေးရတာဟာ ဒေသတွင်းမှာ စစ်ရေးတင်းမာနေလို့ဖြစ်ပြီး အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် ကုန်စည်စီးဆင်းမှုအတွက် သွားလာနေကြတဲ့ ကျေးရွာတွင်းချိတ်ဆက်ကားတွေအနေနဲ့ သွားလာတာ မပြုဖို့ ကို ယောဒေသအခြေစိုက် ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။  

ဖြတ်သန်းသွားလာမှုတွေကိုလည်း စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကာ မြေပြင်အဖွဲ့တွေက လမ်းပိုင်းနေရာတွေမှာ စစ်ဆေးမေးမြန်းတဲ့အခါ ကြည်ဖြူစွာနဲ့ အစစ်ဆေးခံကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။  

အချိန်အခါမရွေးတိုက်ပွဲတွေဖြစ်ပွားနိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ယော PDF အဖွဲ့က အသိပေး ကြေညာထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း ကလေးမြို့မှ ရန်ကုန်ဘက်ကို ထွက်ခွာမယ့် ယာဉ်လိုင်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်က စတင်ပိတ်ထားခဲ့ပြီး ဘာကြောင့်ပိတ်တယ်ဆိုတာကိုတော့ မသိရှိရဘူးလို့ ယာဉ်လိုင်းတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up