close

နေအိမ် မတရားချိပ်ပိတ်သိမ်းဆည်းခံရလျှင် သက်သေနှင့်တကွ NUG သို့ တိုင်ကြားနိုင်

ပြည်သူလူထုပိုင် နေအိမ်တွေကို စစ်ကောင်စီက အကြမ်းဖက် မတရားချိပ်ပိတ်သိမ်းဆည်း ခံရပါက သက်သေနဲ့တကွ တိုင်ကြားနိုင်ကြောင်းနဲ့ ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ် နိုင်ရေးကို ဦးစားပေး စီမံဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်ထဲမှာတော့ လတ်တလောကာလတွေအတွင်း စစ်အုပ်စုဟာ ပြည်သူလူထုပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေကို အကြမ်းဖက် မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းတာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်လာတာ တွေ့ရကြောင်းနဲ့ အဲဒီလို ဆောင်ရွက်နေတာတွေဟာ တရားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ ညစ်ထေးတဲ့ နည်းလမ်းနဲ့ စနစ်တကျ ဖိနှိပ်လာတဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် NUG က ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

ကျူးလွန်ခံရတဲ့ ပြည်သူတွေအနေနဲ့ ကျူးလွန်မှုမှာ ပူးပေါင်းပါဝင်ပတ်သက်သူတွေရဲ့ အ ချက်အလက်တွေ၊ မတရားချိပ်ပိတ် သိမ်းဆည်းခံရတဲ့ အိုးအိမ်ပိုင်ဆိုင်မှုစာရင်းတွေကို သက်သေတွေနဲ့တကွ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ အင်တာ နက်စာမျက်နှာ https://mohai.nugmyanmar.org ရှိ အမှုဖွင့်တိုင်ကြားရန်နေရာမှာ တိုင် ကြားပေးကြဖို့ မေတ္တာရပ်ခံထားတာပါ။

ပြည်သူတွေရဲ့ ပေးပို့တိုင်ကြားမှုတွေနဲ့ NUG လက်အောက်မှာ အမှုထမ်းနေကြတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေကို အခြေခံကာ အဆိုပါကိစ္စရပ်တွေကို တရားမျှ တမှုရရှိရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်အုပ်စုရဲ့ ဆောင်ရွက်နေမှုတွေအားလုံးဟာ တရားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ဘယ်လို သက်ရောက်မှုမှမရှိဘဲ ပျက်ပြယ်ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ NUG က အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုဖော်ဆောင်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်ချိန်မှာ ဥပဒေမဲ့သိမ်းဆည်းခံရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးကို ဦးစားပေး စီမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up