ခါရ်ကိဗ်မြို့ တက္ကသိုလ်အဆောက်အအုံနှင့် ရဲဌာန ရုရှားမစ်ဇိုင်း ထိမှန်

မတ် ၂ ရက်နေ့က ရုရှားကျူးကျော်တပ်တွေ မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ယူကရိန်း ဒုတိယမြို့တော် ခါရ်ကိဗ်ရှိ အမျိုးသားတက္ကသိုလ် အဆောက်အအုံနဲ့ ရဲဌာနတခု မီးလောင်ခဲ့ပါတယ်။
မီးသတ်သမားတွေ မီးငြှိမ်းသတ်နေစဉ်မှာပဲ တက္ကသိုလ်အဆောက်အအုံရဲ့ အစိတ်အပိုင်းတချို့ ပြိုကျသွားခဲ့တာပါ။
လူနေရပ်ကွက်နဲ့ အစိုးရရုံး အပါအဝင် ခါရ်ကိဗ်မြို့လယ်ကို မနေ့က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းအရှေ့မြောက်ဘက် ဇာတိုမာမြို့ရှိ လူနေအိမ်တွေကို မတ် ၁ ရက်က ရုရှား ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုကိုလည်း ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ထုတ်လွှင့်ခဲ့ပါတယ်။
ဗွီဒီယိုမှာ ဇာတိုမာမြို့ မီးခိုးလုံးတွေနဲ့ အပျက်အစီးပုံတွေကြား ကယ်ဆယ်ရေးလုပ်သားတွေ အလုပ်လုပ်နေတဲ့ပုံတွေ ပါရှိပါတယ်။
ဇာတိုမာမြို့ဟာ မြို့တော်ခါရ်ကိဗ်နဲ့ ၇၅ မိုင် ကွာဝေးပြီး အမှတ် ၉၅ လေတပ်စခန်း အခြေစိုက်ထားတဲ့ နေရာဖြစ်ပြီး အဲဒီအနီးနားက လူနေရပ်ကွက်ကို ရုရှားကျူးကျော်တပ်ဖွဲ့က ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိပါတယ်။