close

လက်နက်ကိုင် မဘသဘုန်းကြီးများက PDF ဖြိုခွဲရေး လှည့်လည်ဟောပြောစည်းရုံးနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊  ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ လက်နက်ကိုင်ထားတဲ့ အမျိုးသားရေး အစွန်းရောက်  မဘသဘုန်းကြီးတွေက  PDF ဖြိုခွဲတိုက်ခိုက်ရေးနဲ့ ပြည်သူ့စစ်ဖွဲ့စည်း‌ရေး တရားတွေ  ပြည်သူတွေကို  ဟောပြောစည်းရုံးနေတယ်လို့  ဒေသခံတွေက ပြော‌ပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက်‌နေ့က  ကျွန်းလည်၊ ကဘဲ၊ မူးကျင်းနဲ့ ဘေရင်း‌ကျေးရွာတွေမှာ အမျိုးသားရေး အစွန်းရောက်ဆရာတော် ဦးဝီရသူ၊ ဦးဝါသဝ ၊ ဦးပဏ္ဍိတ စတဲ့ မဘသ ဆရာတော်တွေက ဒေသခံပြည်သူတွေကို ဟောပြောစည်းရုံးနေတာလို့ ဆိုပါတယ်။

အဆိုပါအမျိုးသားရေး ဆရာတော်တွေဟာ စက်သေနတ် အတို/အရှည်တွေလွယ်ထားကာ သင်္ကန်းနဲ့ လက်နက်ကိုင်ထားတဲ့  ဓာတ်ပုံတွေလည်း  အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့နေပြီး လူထုအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရခက်ခဲ့တဲ့ စစ်ကိုင်းတိုင်းကျေးရွာတွေမှာ အမျိုးသားရေး ဆရာတော်တွေကို ဝင်ရောက်စေကာ ပြည်သူ့စစ်အဖွဲ့တွေကို မဘသ ဘုန်းကြီးတွေက ဦးဆောင် ဖွဲ့ပေးတာနေတာဖြစ်ပါတယ်။

အခုဆိုရင် ပြည်သူ့စစ်အမည်ခံ အဖွဲ့ ၇၇ ဖွဲ့နဲ့ လက်နက်ပေါင်း ၂၀၈၀ တပ်ဆင်ပြီးဖြစ်တယ်လို့ စစ်‌ကောင်စီ ထုတ်ပြန်ချက်အရသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up