close

ကရင်နီဒေသအတွက် သိန်းတစ်ထောင် ပရောဂျက် ၂ ရက်အတွင်း ကျပ်သိန်း ၂၀၀ ရရှိထား

နမ့်မယ်ခုံဒေသ ပြန်လည်ရရှိရေးအပါအဝင် ကရင်နီဒေသအတွက် လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုဖို့ ကျပ်သိန်းတစ်ထောင် ပရောဂျက်မှာ အားလုံးပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ် ထားပြီး ၂ ရက်အတွင်း ကျပ်သိန်း ၂၀၀ ရရှိထားပါတယ်။

ဒါကိုတော့ ကရင်နီ အမျိုးသားများကာကွယ်​ရေးတပ် (KNDF)၊ ယန်းတစ်ရာအဖွဲ့နဲ့ People Of Evolving Myanmar (POEM) အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ကာ ၇ ရက်အတွင်း ကျပ်သိန်းတစ်ထောင်ရရှိပြီး မြေပြင်ကို ချက်ချင်းရောက်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းတွေနဲ့ အကြီးအကျယ် ထိုးစစ်ဆင်နေပြီး အဆိုပါ ထိုးစစ်ဆင်မှုတွေအတွင်း အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရကာ တော်လှန်ရေးအင်အားစုတွေဟာလည်း လက်နက်အင်အားမမျှတာကြောင့် နယ်မြေတချို့ ဆုတ် ခွာပေးနေရတာ ဖြစ်ပါတယ်။

KNDF နဲ့ တော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ထိုးစစ်ဆင်မှုကို အပြင်းအထန် ခုခံတိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအတွင်း လိုအပ်ချက်များစွာရှိနေတာမို့ ဒါတွေကို အချိန်မီပံ့ပိုး ဖြည့်တင်းဖို့လည်း အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီသိန်းတစ်ထောင် ပရောဂျက်က ရရှိငွေတွေကို နမ့်မယ်ခုံဒေသ ပြန်လည်ရရှိဖို့၊ နောက်ထပ် ဒေသတွေ အလားတူအဖြစ်မကြုံရဖို့နဲ့ စစ်ဘေးရှောင်တွေကို နိုင်သလောက် ကူညီနိုင်ဖို့အတွက် သုံးသွားမှာဖြစ်ပြီး ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ ဖော်ပြပါ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် လှူဒါန်းနိုင်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up