close

ပုသိမ်မြို့တွင် တလကျော်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၄ ဦးထိရှိလာ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ  မတ်လ ၃ ရက်အထိ  ကိုဗစ်-၁၉ အတည်ပြု လူနာသေဆုံးသူ ၁၄ ယောက် ထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီလထဲမှာတင် ကိုဗစ်အတည်ပြုလူနာ ၈ ဦးသေဆုံးခဲ့ပြီး မတ်လ လဆန်းပိုင်းမှာ ၆ ဦး သေဆုံးခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။ 

“ပြီးခဲ့တဲ့လက သေဆုံးတာနည်းတယ် ဒါပေမဲ့ အခုမတ်လမှာ သေတာ ၆ ယောက်ရှိသွားပြီး ၃ ရက်ကို ၆ ယောက်ဆိုတော့ တော်တော်များတယ်ပြောရမယ်။ အများစုကတော့ ရောဂါအခံကြောင့်သေရတာများပါတယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းတွေ အားနည်းလာမှုနဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု ညံ့ဖျင်းတာတွေကြောင့် ရောဂါကူးစက်မှုထိန်းချုပ်မရဘဲ ရောဂါအခံရှိသူတွေ သေဆုံးနှုန်းများလာတာလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ တကျော့ပြန်ကိုဗစ်လှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ၆၃၀ ကျော်ရှိနေပြီး အဲ့အထဲက ၁၄ ဦး သေဆုံးခဲ့တာလို့ ကျန်းမာရေးဌာနရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up