close

ဒက်ကလန်ရိုက် အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာနိုင်ဟု မိုယက်စ် ချီးကျူး

ကွင်းလယ်လူ ဒက်ကလန်ရိုက်ဟာ တချိန်မှာ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်လာမယ့်သူလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချီးကျူးသွားပါတယ်။

ရိုက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကစ်ဒါမင်းစတားနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစားဝင်ကစားပြီးနောက် ပွဲပြီးခါနီးမှ ချေပဂိုး သွင်းခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ရိုက်ရဲ့ ချေပဂိုးကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဘိုဝင်ရဲ့ မိနစ် ၁၂၀ သွင်းဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

နည်းပြမိုယက်စ်ကတော့ ကွင်းလယ်လူ ဒက်ကလန်ရိုက်ဟာ အလွန်တိုးတက်လာတဲ့ လူငယ်ကစားသမားဖြစ်ပြီး အတွေ့အကြုံကောင်းတွေလည်းရှိတယ်လို့ ချီးကျူးပါတယ်။

“သူက မာ့ခ်နိုဘယ်ဆီကတော့ သင်ယူလေ့လာမှုတွေလုပ်တယ်။ သူ့အနေနဲ့ အင်္ဂလန်အသင်းက ဟာရီကိန်းနဲ့ မက်ဂွဲယားတို့ဆီကလည်း အတုယူစရာရှိတာတွေယူရမယ်လို့ ကျနော်အများကြီးပြောခဲ့ဖူးတယ်။ ဒါကြောင့် အနာဂတ်မှာ သူဟာ အင်္ဂလန်အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ အကောင်းဆုံးအခွင့်အရေးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး”လို့ နည်းပြမိုယက်စ်က ပြောပါတယ်။

အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဒက်ကလန်ရိုက်ဟာ အင်္ဂလန်အတွက် ၂၇ ပွဲကစားပြီး ၂ ဂိုး သွင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up