close

UNHCR အထူးသံတမန် အိန်ဂျလီနာဂျိုလီ ယီမင်စစ်ပြေးဒုက္ခသည်များကို သွားရောက်တွေ့ဆုံ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အထူးသံတမန် ဟောလိဝုဒ် မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ယီမင်နိုင်ငံကို မတ်လ ၆ ရက်မှာ ရောက်လာပြီး လက်ရှိ ဖြစ်ပွားနေဆဲ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အေဒင်မြို့ကနေ စပြီး ခရီးဆွဲထားတဲ့ ဂျိုလီဟာ ယီမင်နိုင်ငံသားတွေ ပြောသမျှ စစ်အတွင်း ရုန်းကန်ရတဲ့ အနေအထားတွေကို နားထောင်ခဲ့ပါတယ်။
သူနဲ့ စကားပြောခဲ့တဲ့ အမျိုးသား အမျိုးသမီး အများစုဟာ ဝင်ငွေဆုံးရှုံးခဲ့ရပြီး တရက်ကို တနပ်သာ စားသောက်ရှင်သန် နေရကာ မကြာခဏဆိုသလို ပေါင်မုန့်နဲ့ လက်ဖက်ရည်ကိုသာ စားရတယ်လို့ UNHCR က ကြေညာချက် ထုတ်ပြန်ပါတယ်။
ယာယီတဲစခန်းမှာ နေရတဲ့ မိသားစုတွေဟာ အခြေခံဝန်ဆောင်မှုတွေ ကင်းမဲ့နေပြီး အနီးဆုံး သောက်သုံးရေရနိုင်တဲ့ အရင်းအမြစ်က ၁၅ ကီလိုမီတာ အဝေးမှာ ရှိနေတာပါ။
အနီးဆုံးကျောင်းကို မိနစ် ၃၀ လမ်းလျှောက်သွားရတာကြောင့် ကလေးအများအပြားက ပညာသင်ခွင့် မရှိဘူးလို့ ကြေညာချက်က ဆိုပါတယ်။
ဂျိုလီကတော့ သူ့ရဲ့ ယီမင်နိုင်ငံဆီ အလည်အပတ်ခရီးဟာ နိုင်ငံတွင်းက အခြေအနေတွေကို လူတွေ အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါကြောင့် နှစ်စဉ် မတ်လ ၁၆ ရက်မှာ ကျင်းပမယ့် ယီမင်အတွက် အဆင့်မြင့် ကတိကဝတ်ဆိုင်ရာ ညီလာခံမတိုင်ခင် အထောက်အပံ့ရအောင် ကြိုးစားမယ်လို့ ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up