အမျိုးသမီးများနေ့ ကျားမတန်းတူရရှိရေး ဂျပန်အမျိုးသမီးများ တောင်းဆိုဆန္ဒပြ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန်အမျိုးသမီး ၁၀၀ ကျော်က နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ကျားမတန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
‘အမျိုးသမီးများ အခွင့်အရေးဟာ လူ့အခွင့်အရေးပါ” ဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ရုရှားကျူးကျော်စစ် ရပ်တန့်ရေးလည်း တောင်းဆိုခဲ့ပါတယ်။
“ဂျပန်မှာ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံနေရတာကို အများသိစေချင်လို့ ဆန္ဒပြတာဖြစ်ပြီး အခြေအနေတွေ ခေတ်တွေ ပြောင်းလဲလာတာကြောင့် အမျိုးသမီးတွေအပေါ် ဆက်ဆံမှုတွေလည်း တိုးတက်ပြောင်းလဲဖို့ လိုပါပြီ” လို့ အသက် ၄၆ နှစ်ရှိ ဆန္ဒပြအမျိုးသမီး ယူကီကို ကွန်တာနီက ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ၂၀၂၁ ကမ္ဘာလုံးဆိုင်ရာ ကျားမကွာဟချက် ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၅၆ နိုင်ငံထဲက ဂျပန်ဟာ ကျားမခွဲခြားဆက်ဆံမှုမှာ အဆင့် ၁၂၀ ရှိပါတယ်။
စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံတွေထဲမှာ ဂျပန်က အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။