အမျိုးသမီးများနေ့ ဆူဒန်နိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှုကို ဆန္ဒပြ

မတ်လ ၈ ရက် နိုင်ငံတကာအမျိုးသမီးများနေ့က ဆူဒန်နိုင်ငံမှာ အမျိုးသမီးရေးလှုပ်ရှားတဲ့အဖွဲ့တွေ ဦးဆောင်ပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ခါတွန်မြို့ သမ္မတနန်းတော်အထိ ချီတက်လာသူတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲခဲ့ခဲ့ပါတယ်။ ဆူဒန်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ စစ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြမှုတွေ မကြာခဏ ဖြစ်နေတာပါ။
စစ်တပ်က အရပ်ဘက်နဲ့ အာဏာမျှဝေယူဖို့ သဘောတူထားပေမဲ့ လူထုက စစ်တပ်ကို နိုင်ငံရေးထဲဝင်မရှုပ်ဘဲ စစ်တန်းလျား ပြန်ခိုင်းနေတာပါ။
၂၀၁၉ ခုမှာ လူထုဆန္ဒပြပွဲနဲ့ နှစ် ၃၀ ကြာ အုပ်ချုပ်နေတဲ့ အာဏာရှင် အိုမာအယ်လ်ဘာရှာ ကို ဖြုတ်ချခဲ့ရာမှာလည်း အမျိုးသမီးတွေက ဦးဆောင်ပါဝင်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ထိုးကျသွားပြီး ဆူဒန်ပေါင်ငွေက ငွေကြေးဈေးကွက်မှာ ၁၉ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။