close

ခင်ဦးမြို့နယ်၌ စစ်တပ်က PDF ၁၁ ဦးနှင့် ပြည်သူ ၃ ဦးကိုပစ်သတ်ပြီး အလောင်းများ ပစ်ထား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာကို မတ် ၈ ရက်က စစ်​ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ အပြစ်မဲ့ ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ အလောင်းတွေကို ရွာအပြင်မှာပစ်ထားခဲ့တယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေဟာ ကျွန်းလည်ကျေးရွာမှ ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်ပြုလုပ်ပြီး မတ် ၈ ရက် မနေ့ မနက် ၁ဝ နာရီဝန်းကျင်မှာ သိမ်တော်ရွာထဲ ဝက်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  အချက်ရေ ၅ဝ ကျော် ပစ်ခတ်ခဲ့ပါတယ်။ 

ဒီနောက် သိမ်တော်ကျေးရွာအတွင်းမှာရှိတဲ့ PDF ၁၁ ဦးကို ဖမ်းဆီးပြီး အပြစ်မဲ့ ပြည်သူ ၃ ဦးနဲ့အတူ ကျေးရွာအနီး ကွင်းပြင်တခုမှာ ဒီနေ့မွန်းလွဲပိုင်း သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေစဉ်အတွင်း သိမ်တော်ကျေးရွာအနီးမှာ မိုင်းဆွဲခံခဲ့ရတာကြောင့် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအနည်းငယ်ရှိပါတယ်။ သေဆုံးသွားတဲ့ စစ်သားကို အဆိုပါကျေးရွာမှာပဲ  မီးရှို့သင်္ဂြိုဟ်ခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေက သက်ပေးကျေးရွာကိုလည်း မတ် ၉ ရက် ဒီနေ့လည်း ထပ်မံ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် မူးသာကျေးရွာကို ဆက်လက်ဝင်ရောက် မွှေနှောက်ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up