close

စက်သုံးဆီဈေး အဆမတန်မြင့်တက်နေသဖြင့် အဝေးပြေးယာဉ်လိုင်းများ ရပ်နား

မြန်မာပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အဝေးပြေးယာဉ်လိုင်းတွေဟာ  ယာဉ်လိုင်းပြေးဆွဲမှု ၈၀ ရာခိုင်နှုန်း ထက်မနည်း ရပ်နားလာကြတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီးဈေးနှုန်း ဆက်တိုက်မြင့်တက်တာ၊ ခရီးသည်ရရှိမှု နည်းပါးလာတဲ့အတွက်ကြောင့် နိုင်ငံတဝန်းမှာ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ ဆက်လက် ရပ်တည်ဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာပါ။

အဝေးပြေးယာဉ်းလိုင်းတွေဟာ အခုလအတွင်း စက်သုံးဆီးဈေးနှုန်း တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ထိ ထပ်မံ မြင့်တက်လာတဲ့အတွက်ကြောင့် ယာဉ်းလိုင်းပြေးဆွဲမှု ရပ်နားကြတာပါ။

လက်ရှိမှာတော့ အဝေးပြေးယာဉ်လိုင်းတွေမှာ ကား ၁၀ စီးရှိရင် ၂ စီးလောက်သာ ပြေးဆွဲတော့တယ်လို့ ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှု သိသိသာသာ ကျဆင်းလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ အဆမတန် ငွေကြေး တောင်းယူတာတွေ ခံနေရပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် မကြာမီကာလအတွင်း ယာဉ်လိုင်းအများစု အပြီးပိုင် ပိတ်သိမ်းရဖို့ ရှိနေသလို သယ်ယူပို့ဆောင်ရေး စနစ် ပြိုလဲနိုင်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ဆိုကြပါတယ်။

အဝေးပြေးယာဉ်လိုင်း အများစု ပြေးဆွဲမှု ရပ်နားလာတဲ့အတွက်ကြောင့် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား ထောင်နဲ့ချီပြီး မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ရာနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up