ကမ္ဘာ့နေရာတိုင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်ပြီး ငွေကြေးဖောင်းပွမှုဖြစ်နေ

ဒီအပတ်အတွင်း မတ် ၁၁ ရက်အထိ ကမ္ဘာ့စီးပွားရေးကတော့ နေရာတိုင်းမှာ ကုန်ဈေးနှုန်းကြီးမှု ငွေကြေးဖောင်းပွမှု သတင်းတွေက လွှမ်းမိုးနေတာပါ။
ရေနံ၊ သတ္တု၊ အရာအားလုံး ဈေးမြင့်တက်နေတာပါ။ မတ် ၇ ရက်နေ့က ရေနံတစည်ကို ၁၃၉ ဒေါ်လာထိ စံချိန်တင် အမြင့်ဆုံးတက်ခဲ့ပြီး နိုင်ငံအများစုရဲ့ အထွေတွေ ကုန်ဈေးနှုန်းတွေကို ရိုက်ခတ်ခဲ့ပါတယ်။
ရုရှားရဲ့ တင်ပို့မှုကို ဒဏ်ခတ်ဖို့ရှိတာကြောင့် နီကယ်ဈေးနှုန်းက ၁ တန်ကို ဒေါ်လာ ၁ သိန်းအထိ တက်သွားပါတယ်။
နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းလျာထားတဲ့ အမေရိကန်နိုင်ငံမှာ ငွေကြေး ဖောင်းပွမှု ၇ ဒသမ ၉ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင် မြင့်တက်နေတာပါ။
စားသုံးသူတွေအနေနဲ့ မရပ်တန်းတက်နေတဲ့ အိမ်ငှားခ၊ အစားအစာနဲ့ ဓာတ်ဆီဈေးတွေကို ညည်းညူနေပါတယ်။
အမေရိကန်လွှတ်တော်က ပြည်ထောင်စုအစိုးရကို ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ရန်ပုံငွေပေးဖို့ မတ် ၁၀ ရက်နေ့ အတည်ပြုခဲ့ပါတယ်။
အဲဒီအထဲမှာ ယူကရိန်းကို အရေးပေါ် ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ ကူညီဖို့လည်း ပါဝင်ပါတယ်။
လွှတ်တော်က အစိုးရဘတ်ဂျက်ပိတ်ပင်မှု ဖြစ်ရပ်ကို ရှောင်ရှားဖို့ ပါတီကြီးနှစ်ခုက လပေါင်းများ စွာ ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပါတယ်။
Amazone အွန်လိုင်းအရောင်းကုမ္ပဏီကြီးကတော့ ကြာသာပတေးနေ့က ရှယ်ယာ ၅ ရာခိုင်နှုန်း တက်သွားပါတယ်။
ကုမ္ပဏီက အသေးစား ရင်းနှီးမြှုပ်တွေကို ပိုမိုစွဲဆောင်ဖို့ ဈေးချိုတဲ့ စတော့ ၂၀ လောက်ကို ထပ်ခွဲ ထုတ်ပေးမယ်လို့ ကြေညာပါတယ်။