စာချုပ်သက်တမ်းတိုးရန် ဆာလက်၏ဆုံးဖြတ်ချက် အဓိကဖြစ်ကြောင်း လီဗာပူးနည်းပြပြော

စာချုပ်သက်တမ်းတိုးဖို့အတွက် ဆာလက်ရဲ့ ဆုံးဖြတ်ချက်က အဓိကဖြစ်တယ်လို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
အသင်းရဲ့အားထားရတဲ့ တိုက်စစ်မှူး ဆာလက်ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတာပါ။
လီဗာပူးအသင်းဘက်ကတော့ အခုထက်ပိုပြီး လုပ်နိုင်စွမ်းမရှိတော့ဘဲ ဆာလက်ရဲ့ဆုံးဖြတ်ချက်က သာ အဓိကဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။
“ကျနော်တို့ အခုထက်ပိုပြီး မလုပ်နိုင်တော့တာ အမှန်ပါပဲ။ သက်တမ်းတိုးဖို့ကိစ္စက ဆာလက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတော့တယ်။ အသင်းက လုပ်နိုင်သမျှလုပ်ဆောင်တယ်လို့ ထင်တယ်။ ဒီကိစ္စအပေါ် ကျနော့်ဘက်က ဒီထက်ပိုပြီးမပြောနိုင်တော့ပါဘူး။ ဆာလက်ဘက်က လက်မှတ်မထိုးတာ၊ ပယ်ချတာမျိုးတော့မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အချိန်စောင့်ရမှာပေါ့။ လက်ရှိအခြေအနေက အလျင်စလိုလုပ်ဖို့ မလိုတာကြောင့် အားလုံးအဆင်ပြေနေပါတယ်။”
ကလော့ပ်ရဲ့ မှတ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဆာလက်ရဲ့ အေးဂျင့်ဖြစ်သူ အက်စ်ဆာကတော့ ဆိုရှယ်မီဒီယာကနေ ရယ်နေတဲ့ စတစ်ကာပုံတွေ ရေးတင်ခဲ့ပါတယ်။
လီဗာပူးဘက်က လုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီဆိုတဲ့ ကလော့ပ်ရဲ့မှတ်ချက်အပေါ် ဆာလာရဲ့အေးဂျင့်က မဟုတ်မှန်ဘူးဆိုတဲ့သဘောနဲ့ ဟာသလုပ်ခဲ့တာလို့ ပရိသတ်တွေက ယူ ဆနေကြပါတယ်။