close

CID ရဲမှူးကြီး ဇော်ဝင်းကို ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချ

အာဏာသိမ်းစစ်ကောင်စီက အင်းစိန် CID ရဲသင်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးကြီး ဇော်ဝင်းကို ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဉပဒေနဲ့တရားစွဲပြီး ထောင် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက် စာမျက်မှာပေါ်မှာ “ထွီး ယုတ်မာလိုက်ကြတာကွာ” လို့ စာရေးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးကာ မတ်လ ၁၀ ရက်နေ့မှာ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ချခဲ့တာလို့ ရဲအသိုင်းဝိုင်းက သိရပါတယ်။

“ခုချလိုက်တာ ရဲစည်းကမ်းနဲ့ချလိုက်လာ ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေ အပိုဒ် ၁၉ မှာပါတဲ့ အချက်တွေနဲ့ စွဲတာထင်တယ် အမှုကိုင်မဟုတ်တော့ သေချာမသိဘူး တခြားအမှုတွေ ဆက်ရင်ဆိုင်ရမယ်ထင်တယ်” လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရဲမှူးကြီး ဇော်ဝင်းကို ကို ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေ အပိုဒ် ၁၉ မှာပါတဲ့ ပုဒ်မ ၂ ခုလောက်နဲ့ စွဲချက်တင် ထောင်ချခဲ့တဲ့အပြင် နောက်ထပ် ပုဒ်မ ၅၀၅(က) နဲ့အမှုဖွင့်ထားတဲ့အတွက် ဆက်လက်ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးနောက်ပိုင်း ရဲမှူးကြီး ဇော်ဝင်းကို ကို ရမည်းသင်းအကျဉ်းထောင်ထဲကို ပို့လိုက်တာကြောင့် ပုဒ်မ ၅၀၅ (က)အမှုအတွက် ရုံးချိန်းကို ရမည်းသင်းခရိုင်တရားရုံးမှာ ရုံးထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ရဲမှူးကြီး ဇော်ဝင်းကို ဟာ ရဲဝန်ထမ်းစစ်စစ်ဖြစ်ပြီး လုပ်သက် ၃၀ ဝန်းကျင်ရှိကာ ပင်စင်သွားကာနီးမှ ခုလို ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် ပင်စင်မရတော့ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up