close

ရွာငံမြို့နယ်တွင် ရွာသား ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ၊ ၁ ဦး ပစ်သတ်ခံရ

ရှမ်း‌ပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်ကြီးကျေးရွာနေ  အမျိုးသား တယောက်ဟာ မတ် ၇ ရက်က တောခြံသွားရာလမ်းမှာ မိုင်းကို နင်းမိပြီး ခန္ဓာကိုယ်အောက်ပိုင်း အပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ရွာသား ကိုထွေးဆိုသူဟာ နွားဘန်ကြီးကျေးရွာအနီး တောခြံအသွားလမ်းမှာ စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းကို  နင်းမိတာလို့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ် ၁၂ ရက်ကလည်း  နွားဘန်ကြီးကျေးရွာအုပ်စု မြောက်ရွာတွင်နေထိုင်သူ ဦးကြင်အောင်ဟာ အမည်မသိသေနတ်သမားရဲ့ သေနတ်နဲ့  ပစ်သတ်ခံခဲ့ရပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ ရွာငံမြို့နယ် တစ်ဝိုက်လက်ရှိ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွေဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန် အသိပေးထားပါတယ်။

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YUG အနေနဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်ပြီး YUG အဖွဲ့ရဲ့ ‌လုပ်ဆောင်ချက်တွေကို အများပြည်သူ သိရှိနိုင်ဖို့ YUG Page မှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up