ယူကရိန်းသမ္မတ ဇလန်စကီး ဒဏ်ရာရ လူနာများထံ သွားရောက်အားပေး ဆုတံဆိပ်ချီးမြှင့်

10
ယူကရိန်းသမ္မတ ဇလန်းစကီးက ဒဏ်ရာရစစ်သားတွေကို ကုသပေးနေတဲ့ စစ်ဆေးရုံတခုကို မတ် ၁၃ ရက်နေ့က သွားရောက်ပြီး လူနာတွေကို အားပေးခဲ့ပါတယ်။
အဆိုပါဆေးရုံမှာ ကုသမှုယူနေတဲ့ စစ်သားအများစုက အာပင်နဲ့ ဟိုစတိုမဲလ် မြို့ကြီးနှစ်မြို့ ပြင်းထန်တဲ့တိုက်ပွဲတွေမှာ ဒဏ်ရာရခဲ့တာပါ။
ဇလန်းစကီးက ဒဏ်ရာရ စစ်သားတွေကို “ခင်ဗျားတို့ဟာ ပုခုံးပေါ်ကျရောက်လာတဲ့ တိုင်းပြည်တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်နိုင်ခဲ့သူတွေပါ” လို့ ပြောပြီး ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။