close

တရုတ်ကမ်းလွန်ရှိ ကျွန်းတကျွန်းပေါ်တွင် ထိုင်ဝမ်စစ်တပ် စစ်ရေးလေ့ကျင့်

ထိုင်ဝမ်စစ်တပ်ဟာ တရုတ်ကမ်းရိုးတန်း ကမ်းလွန်မှာ ဗျူဟာကျကျ တည်ရှိနေတဲ့ ဝေးလံသီခေါင်တဲ့ မြောက်ပိုင်းစွန်းပိုင်နက်က ကျွန်းတကျွန်းပေါ်မှာ မတ်လ ၁၆ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ရန်သူ့စစ်တပ်ကို စီးနင်းတိုက်ခိုက်ဖို့ ရည်ရွယ်ပြီး ရေထဲမှာ မျောပါနေတဲ့ ကြက်ခြေခတ်အနီရောင် အမှတ်အသား ရွက်လွှင့်ထားတဲ့ ဖောင်တွေကို စစ်သားတွေက ပစ်ခတ် လေ့ကျင့်ခဲ့တာပါ။
တရုတ်နိုင်ငံ ဖူကျိုးကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်က ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ မတ်စုကျွန်းစုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တုံးရင်ကျွန်းပေါ်မှာ ပုံမှန် စစ်ရေးလေ့ကျင့်နေတာလို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပေမယ့် ထိုင်ဝမ်အစိုးရကတော့ တပ်လှန့်မှု အဆင့်မြှင့်ထားတာပါ။
ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေလို့ တရုတ်ပြည်မကြီး အစိုးရက ရုရှားလို လုပ်လာမလားဆိုတာ စိုးရိမ်နေပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲ စတည်းက တရုတ်ပြည်မကြီး အစိုးရဘက်က ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု ဘယ်တခုကိုမှ ထိုင်ဝမ်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၅ ရက်က တရုတ်လေယာဉ်တစီးဟာ တုံးရင်ကျွန်းနဲ့ အင်မတန် နီးနီးကပ်ကပ် ပျံသန်းခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်စစ်တပ်ရဲ့ တုံ့ပြန်မှုကို စမ်းသပ်ဖို့ အရပ်ဘက်လေယာဉ်ကို တရုတ်ပြည်မကြီး အစိုးရက စေလွှတ်တယ်လို့ သံသယဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ပြောခဲ့ပါတယ်။
ထိုင်ဝမ်အစိုးရဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက ထိုင်ဝမ်ကာကွယ်ရေး ရှေ့တန်းကို တုံးရင်ဧရိယာ စစ်တိုင်းမှာ ထားရှိပေမယ့် စစ်အင်အား ဘယ်လောက်ရှိတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို မထုတ်ပြန်ထားပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up