close

ရန်ကုန်တွင် စက်သုံးဆီဆိုင်အများစု အထူးစျေးနှုန်းဖြင့် ဒီဇယ်ဆီရောင်းချမူ ရပ်နား

ရန်ကုန်မြို့က  ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်အများစုဟာ အထူးစျေးနူန်းနဲ့ဒီဇယ်ဆီရောင်းချ ပေးနေတာကို မတ်လ ၁၉ ရက် ဒီနေ့ကစပြီးရ ပ်နားလိုက်ကြတယ်လို့ သိရပါတယ်။

ဒီနှစ်ဆန်းမှာ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးခဲ့ပြီ အဲဒီဒေါ်လာနဲ့ ဝယ်ယူတင်သွင်းတဲ့ ဒီဇယ်ဆီကို အပြင်ပေါက်စျေးထက်လျှော့ချရောင်းချစေခဲ့တာပါ။

ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ဝယ်ယူထားတဲ့ ဒီဇယ်ဆီဟာ ကုန်သလောက်ရှိနေပြီး ဒေါ်လာထုတ်ရောင်းမပေးတာကြောင့် အထူးစျေးနဲ့ ဒီဇယ်ဆီရောင်းချပေးနေတာကို ရပ်ဆိုင်းလိုက်ကြတာလို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။

"ထပ်ရောင်းစရာမရှိတော့လို့ ရပ်လိုက်ကြတာ။ နောက်နေ့တွေ အပြင်ပေါက်စျေးနဲ့ပဲ ဝယ်ကြရတော့မယ်"လို့ လုပ်ငန်းရှင်က ပြောပါတယ်။

အထူးစျေးနဲ့ရောင်းချပေးတဲ့ဒီဇယ်ဆီဟာ ပုံမှန်ရောင်းချနေတဲ့စျေးထက် တစ်လီတာကို ကျပ် ၂၀၀ လျော့နည်းတာကြောင့် အဝေးပြေးခရီးသည်တင်ယာဥ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဥ်တွေက အထူးစျေးနဲ့ရောင်းတဲ့ဆီဆိုင်တွေကို ရှာဖွေဆီဖြည့် ဝယ်ယူခဲ့ကြပါတယ်။

မြန်မာပြည်တဝန်း စက်သုံးဆီအရောင်းဆိုင်ပေါင်း  ၁၄၀၀ လောက်ရှိပြီး ဆိုင်၂၀၀ လောက်ကပဲ ဒီဇယ်ဆီကို အထူးစျေးနဲ့ရောင်းချပေးခဲ့တာပါ။

ပြည်တွင်းစက်သုံးဆီစျေးဟာ မတ်လဒုတိယအပတ်မှာ တစ်လီတာကို ကျပ် ၂၅၀၀ နီးပါးအ ထိရောက်ရှိခဲ့ပြီး အခုရက်ပိုင်းမှာ တစ်လီတာကျပ်၂၀၀၀ အောက်ပြန်ရောက်လာပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up