အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် မန်စီးတီးနှင့် လီဗာပူး ထိပ်တိုက်တွေ့ဆုံ

အင်္ဂလန်အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲပြီးကတည်းက တွေ့ဆုံဖို့ရှိခဲ့တဲ့ ထိပ်သီး ၂ သင်းဟာ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ကြတာပါ။
မနေ့ညက ကစားသွားတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ မန်စီးတီးက ဆောက်သမ်တန်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်ခဲ့တာပါ။ လီဗာပူးကတော့ နောတင်ဟမ်ဖောရက်စ်ကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့တာပါ။
တခြားကွာတားပွဲစဉ်တွေမှာတော့ ချဲလ်ဆီးက မစ်ဒယ်ဘရော့ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဲဗာတန်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူလာတဲ့ ခရစ္စတယ်ပဲလေ့နဲ့ တွေ့ဆုံပါတယ်။ အကြိုဗိုလ်လုပွဲ ၂ ပွဲကို လာမယ့် ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက်တွေ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ အကြိုဗိုလ်လုပွဲမတိုင်ခင် ဧပြီ ၁၀ ရက်မှာလည်း ပရီးမီးယား လိဂ်ပွဲစဉ်အနေနဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားရသွားရမှာဖြစ်ပါတယ်။