မက်ဆီ ပြန်လာလိုလျှင် အမြဲတမ်းတံခါးဖွင့်ထားဟု ဘာကာနည်းပြ ဇာဗီ ပြော

ဘာစီလိုနာအသင်းကို မက်ဆီပြန်လာချင်တယ်ဆိုရင် အမြဲတမ်းတံခါးဖွင့်ထားတယ်လို့ နည်းပြ ဇာဗီက ပြောပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရာသီကမှ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့တဲ့နောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ကစားခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ပီအက်စ်ဂျီ ပရိသတ်တချို့က မက်ဆီကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အဲဒီလိုအခြေအနေတွေကြောင့် ပြင်သစ်မှာ မပျော်ဘူးဆိုရင် ဘာစီလိုနာကို အချိန်မရွေးပြန်လာနိုင်ပြီး မက်ဆီက တန်ဖိုးဖြတ်မရတဲ့ သမိုင်းရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဇာဗီက ပြောပါတယ်။
“မက်ဆီအတွက် ဘာစီလိုနာအသင်းက အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ ကျနော် ဒီမှာ နည်းပြလုပ်နေသမျှ သူ အသင်းလေ့ကျင့်ရေးကို လာချင်တာပဲဖြစ်ဖြစ် နည်းပြနဲ့ စကားပြောချင်တာပဲ ဖြစ်ဖြစ် လာလို့ရပါတယ်။ သူ့ရဲ့ပေးဆပ်မှုတွေက တန်းဖိုးဖြတ်မရပါဘူး။ သူက သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဖြစ်တယ်” လို့ နည်းပြ ဇာဗီက ချီးကျူးပါတယ်။
မက်ဆီကို ကြိုဆိုပေမယ့် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကိုလည်း ဇာဗီက ပြောပါတယ်။
ဇာဗီနဲ့ မက်ဆီဟာ ဘာစီလိုနာမှာ ပွဲပေါင်း ၄၀၀ လောက် အတူတွဲဖကေကစားပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ နောက်ထပ် တရာသီကုန်ဆုံးချိန်အထိ စာချုပ် သက်တမ်းကျန်ရှိနေပြီး စာချုပ်ကုန်ဆုံးမှသာ အသင်းကနေ ထွက်ခွာဖို့ရှိပါတယ်။