မန်ယူဖလားသုံးလုံးရခဲ့သည့် ရာသီလို မန်စီးတီးစွမ်းဆောင်နိုင်ကြောင်း နည်းပြဂွါဒီယိုလာပြော

မန်ယူအသင်း ဆုဖလားသုံးလုံး ရယူနိုင်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကလိုမျိုး မန်စီးတီးအသင်းလည်း လုပ် ဆောင်နိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေသလို အက်ဖ်အေဖလားမှာလည်း ကွာ တားဖိုင်နယ်အဆင့်ရောက်နေပါတယ်။ ဒါ့အပြင် ချန်ပီယံ လိဂ်မှာလည်း ကွာတားဖိုင်နယ်ပွဲစဉ်အနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ဆုဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် ၁၉၉၉ ခုနှစ်က မန်ယူအသင်းက တရာသီတည်း ဆုဖလားသုံးလုံးရယူနိုင်ခဲ့သလို စွမ်းဆောင်နိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
“ကျနော်တို့ရဲ့ လက်ထဲမှာပဲရှိပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဦးဆောင်နေတယ်။ ချန်ပီယံ ဖြစ်မဖြစ်မသိပေမယ့် ဆုဖလားက ကျနော်တို့ရဲ့ လက်ထဲမှာရှိနေပါတယ်။ ယူနိုက်တက်အသင်းက တကြိမ်လုပ်ပြနိုင်ခဲ့တာဆိုတော့ တခြား မတူညီတဲ့အသင်းတွေကလည်း အဲဒီလို လုပ်ဆောင်နိုင်ပါတယ်။ လက်ကျန် ၂ လက ပိုပြီးခက်ခဲမှာဖြစ်ပေမယ့် မလုပ်နိုင်စရာလည်း မရှိပါဘူး။ ကျနော့်အသင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိပြီး တိုးတက် လာနိုင်ပါသေးတယ်။”
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့တပတ်က ခရစ္စတယ်ပဲလေ့နဲ့ သရေကျခဲ့တာကြောင့် လီဗာပူးနဲ့ တမှတ်သာကွာဟနေပြီး ချန်ပီယံဆုအတွက် အမှားမခံတော့တဲ့ အခြေအနေမှာရှိနေပါတယ်။