close

မော်လိုက်မြို့အနီး မြေငလျင်လှုပ်

မြန်မာနိုင်ငံ ပြည်တွင်း စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးမှာ အင်အားရစ်ချ်တာစကေး  ၄ ဒသမ ၉ ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု မတ်လ ၂၁  ရက် ဒီနေ့မွန်းလွဲပိုင်းက  လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။ 

ဒီနေ့နေ့လယ် ၁ နာရီ ၆ မိနစ် ၁၀ စက္ကန့်လောက်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၃)မိုင်ခန့် ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အရှေ့မြောက်ဘက်  ၂၇ မိုင်လောက်အကွာ အနက် ကီလိုမီတာ ၅၀ လောက်ကို  ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်ပါတယ်။

အဆိုပါ ငလျင်ကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ အိုးအိမ်အဆောက်အဦတွေ ပျက်စီးတဲ့ သတင်းတော့ မကြားသိရပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up