အမေရိကန်ရှိ ကားပြခန်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၂၀ ခန့်ဒဏ်ရာရ

5
အမေရိကန်နိုင်ငံ အာကန်းဆပ်ပြည်နယ် ဒူးမတ်စ်မြို့က ကားအရောင်းပြခန်းအပြင်ဘက်မှာ မတ်လ ၁၉ ရက်ညက သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ ယောက် သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရပါတယ်။
ပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရတယ်လို့ ဒူးမတ်စ်မြို့ ရဲအကြီးအကဲ ကိသ် ဖင့်ချ်က အတည်ပြုပါတယ်။
အာကင်းဆပ်ပြည်နယ် အရှေ့တောင်ဘက်မှာ လူအယောက် ၄၀၀၀ လောက် နေတဲ့ ဒူးမတ်စ်မြို့က အခင်းဖြစ်ရာ နေရာကို ရဲတွေ စေလွှတ်ထားပါပြီ။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။