ရွှေဆိုင်ဓားပြတိုက်မှု ကာကွယ်ရန် ထိုင်းရဲတပ်ဖွဲ့ သရုပ်ပြမည်

2
မြဝတီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင်း ရွှေဆိုင်ဓားပြတိုက်တာကို ကာကွယ်ရမယ့်နည်းစနစ် သရုပ်ပြကို ထိုင်းရဲတပ်ဖွဲ့က မတ် ၂၂ ရက်နေ့ ဒီနေ့မနက် ၁၁ နာရီ ပြုလုပ်သွားမယ်လို့ မဲဆောက်မြို့မရဲစခန်းက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ၊ နိုင်ငံခြားသားတွေ ရွှေဆိုင် ဓားပြတိုက်သရုပ်ပြတာကို တွေ့ရှိပါက ထိတ်လန့်မှုမဖြစ်ကြဖို့နဲ့ အခက်အခဲတွေကို သည်းခံပေးကြဖို့ ရဲစခန်းက တိုက်တွန်းထားပါတယ်။