close

ရိုဟင်ဂျာများ၏ အခွင့်အရေး ချိုးဖောက်ခံရမှု မျက်ကွယ်ပြုထားဆဲဟု အိုအိုင်စီ ပြော

ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် မြန်မာနိုင်ငံက မျက်ကွယ်ပြုထားဆဲဖြစ်ပြီး ရိုဟင်ဂျာတွေ မွေးရပ်မြေဆီ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် ပတ်ဝန်းကျင်တခု ဖန်တီးပေးရမယ့် နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို မဖြည့်ဆည်းပေးခဲ့ဘူးလို့ အိုအိုင်စီ အထွေထွေအတွင်းရေးမှူး Hissein Brahim Taha က ပြောကြားလိုက်ပါတယ်။

ဂျဒ်ဒါးမြို့အခြေစိုက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က မတ် ၂၂ ရက် အစ္စလာမာဘတ်မြို့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေး ပြင်ပအချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။

ရိုဟင်ဂျာကိစ္စဟာ အိုအိုင်စီရဲ့ အစီအစဉ်မှာ ထိပ်တန်းဦးစားပေးတွေထဲကတခုဖြစ်ပြီး အဖွဲ့အစည်းအနေနဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကြာ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတခုလည်း ဖြစ်ကြောင်း အိုအိုင်စီ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ ရိုဟင်ဂျာလူမျိုးတွေကို ကူညီထောက်ပံ့ဖို့အတွက် အိုအိုင်စီရဲ့ စုပေါင်းညှိနှိုင်း ဆောင်ရွက်မှုအကြောင်းအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုဆိုင်ရာ ကမ္ဘာ့စံနှုန်းတွေနဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေအကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းဆီကို အားကောင်းတဲ့ သတင်းစကား ပေးပို့တာဖြစ်ကြောင်း သူက ထောက်ပြပါတယ်။

အိုအိုင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း ရိုဟင်ဂျာတွေရဲ့ အခြေအနေက မတိုးတက်လာဘူးလို့ အတွင်းရေးမှူးချုပ်က မှတ်ချက်ပြု ပြောဆိုပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေအတွက် မြန်မာနိုင်ငံက တာဝန်ရှိကြောင်း သေချာစေတဲ့ နိုင်ငံတကာစင်မြင့်မှာ အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဦးဆောင်ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ အဓိကအခန်းကဏ္ဍကို အိုအိုင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ချီးကျူးခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ကို လက်ခံပြီး ခိုလှုံခွင့်ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up