close

ပြည်တွင်းရွှေဈေး တပတ်အတွင်း ကျပ် ၅ သောင်းကျော် ထပ်မံမြင့်တက်

ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်လာပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ ၁ ကျပ်သားကို ကျပ် သိန်း ၂,၀၄၈,၀၀၀ အထိ ရောက်ရှိနေပါတယ်။
ဒီနေ့မနက်ပိုင်း ရွှေဈေးဖွင့်ချိန်မှာတော့ အခေါက်ရွှေ ၁ ကျပ်သား ကျပ်သိန်း ၂,၀၄၂,၀၀၀ ရှိခဲ့ပြီး နေ့ခင်းပိုင်းမှာ ကျပ် သိန်း ၂,၀၄၈,၀၀၀ အထိ ရောက်ခဲ့အတွက် အချိန်ပိုင်းအတွင်း ၁ ကျပ်သားကို ကျပ် ၆,၀၀၀ ထပ်မံမြင့်တက်ခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြည်တွင်းရွှေ ၁ ကျပ်သားကို ကျပ် ၁,၉၉၅,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် မတ် ၁၇ ရက်ကစပြီး ၁ ကျပ်သားကို ကျပ်သိန်း ၂၀ ကျော်ခဲ့ပါတယ်။
မတ် ၂၁ ရက်မှာတော့ ၁ ကျပ်သားကို ကျပ် သိန်း ၂,၀၂၇,၀၀၀ အထိ တက်ခဲ့ပြီးနောက် ဒီနေ့ ထပ်မံမြင့်တက်ခဲ့တဲ့အတွင်း သီတင်းတပတ်အတွင်း ၁ ကျပ်သားကို ကျပ် ၅ သောင်းကျော် မြင့်တက်ခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးကလည်း တပတ်အတွင်း ၁ ထရိုင်အောင်စကို ဒေါ်လာ ၂၀ မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း ပြင်ပဈေးကွက်မှာ ၁ ဒေါ်လာကို ၂,၀၆၀ ကျပ်ထိ မြင့်တက်နေပါတယ်။
ကမ္ဘာ့ရွှေဈေးက ပြီးခဲ့တဲ့တပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းအနေနဲ့ ၁ ထရိုင်အောင်စကို ၁,၉၂၀ ဒေါ်လာဖြစ်ခဲ့ပြီး ဒီနေ့မှာ ၁,၉၄၀ ဒေါ်လာထိ ပြန်လည် မြင့်တက်လာတာပါ။
ရှရှား-ယူကရိန်းအရေးနဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေက ပြည်တွင်းရွှေဈေးကို အတက်အကျများစွာ ဖြစ်ပေါ်စေခဲ့ပြီး သီတင်းနှစ်ပတ်အတွင်း အနိမ့်ဆုံးဈေးထိ ကျဆင်းသွားတဲ့ ကမ္ဘာ့ရွှေဈေးက အခုအခါ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up