သမ္မတဂျိုးဘိုင်ဒင် ပိုလန်ရှေ့တန်းစခန်းရှိ အမေရိကန်တပ်သားများနှင့် ပီဇာ အတူစား

သမ္မတဂျိုးဘိုင်ဒင် ပိုလန်နိုင်ငံကို နှစ်ရက်ကြာခရီးထွက်ခဲ့ပြီး ပိုလန်ရှေ့တန်းမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို တွေ့ဆုံပါတယ်။
ဘိုင်ဒင်ကို အမှတ် (၈၂) လေကြောင်းချီတပ်မရဲ့ စစ်အရာရှိတွေက ကြိုဆိုခဲ့ပါတယ်။ ဝါရှင်တန်အိမ်ဖြူတော်က ရှေ့တန်းရောက်တပ်သားများအတွက် ပီဇာမုန့်တွေ ပို့ပေးခဲ့ပြီး သမ္မတဘိုင်ဒင်က ရဲဘော်တွေနဲ့အတူ အဝစားခဲ့ပါတယ်။
ဘိုင်ဒင်က “အားလုံးကို ကျေးဇူးတင်တယ်။ ခင်ဗျားတို့ဟာ ကမ္ဘာ့သမိုင်းမှာ အကောင်းဆုံး တပ်ဖွဲ့အနေနဲ့ ပြင်ဆင်လုပ်ဆောင်နေတာ မြင်ရပါတယ်” လို့ ပြောပါတယ်။
အမှတ် (၈၂) လေကြောင်းချီတပ်မက အမေရိကန်စစ်တပ်မှာ စစ်ရေးစွမ်းဆောင်မှု အမြင့်မားဆုံး တပ်ယူနစ် တခုဖြစ်ပြီး ၁၈ နာရီအတွင်း ကမ္ဘာ့မည်သည့်နေရာကိုမဆို အမြန်ဆုံး တပ်ဖြန့်ချထားနိုင်မှု ရှိတာပါ။
ပိုလန်ရဲ့ အိမ်နီးချင်း ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် (၈၂) တိုက်ခိုက်ရေးတပ်မမှ လေထီးတပ်သား ၃၀၀၀ ကို ပိုလန်ရှေ့တန်းမှာ တပ်ဖြန့်ချထားတာပါ။