close

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလက်စတိုင်း သမ္မတတို့ တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ  ပါလက်စတိုင်းနိုင်ငံ ရမလာမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိပြီး သမ္မတ မာမွတ်အာဘတ်စ်နဲ့ တွေ့ဆုံပါတယ်။

အမေရိကန်-ပါလက်စတိုင်း ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့နဲ့ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို အတူတကွ အဖြေရှာ ဖြေရှင်းသွားဖို့ ကတိပြုပါတယ်။

ဘလင်ကန်ဟာ အစ္စရေးနိုင်ငံမှာကျင်းပတဲ့ အစ္စရေးနဲ့ အာရပ်ဒေသမဟာမိတ်များ ညီလာခံကို တက်ရောက်ပြီး ပါလက်စတိုင်းသမ္မတနဲ့ လာရောက်တွေ့ဆုံတာပါ။ 

အီရန်နဲ့ သံတမန်ဆက်ဆက်ရေး ပြန်လည်စတင်နေမှုကို အမေရိကန်ရဲ့မဟာမိတ် အာရပ်နိုင်ငံများ က ထောက်ခံမှုပေးရန် ဘလင်ကန်က ကြိုးပမ်းနေတဲ့ ခရီးစဉ်ပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up