close

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး၊ ဂျက်ဖိုက်တာ ၁ စီးဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ မွန်းတည့်ပိုင်းက ညနေအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ရဲ ၉ ယောက်သေဆုံးခဲ့တယ်လို့ MVRF တပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် ဗဟင်းရဲစခန်းကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တွေပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့အချိန် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်လို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ MVRF တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဦးအောင်ဇေယျက ဒီဗွီဘီကိုပြောပါတယ်။

“နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၉ ယောက်လောက်သေဆုံးပြီး ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဒဏ်ရာအခြေနေ မစိုးရိမ်ရဘူး။”  

အဲဒီတိုက်ပွဲကို မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF၊ PRA၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ပုလဲ(ပ.က.ဖ)၊ PPDGနဲ့ Tiger အဖွဲ့တို့က ပူးပေါင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဗဟင်းရဲစခန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း မြိုင် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up